
အမေရိကန်အစိုးရက ဗင်နီဇွဲလားအပေါ် ဖိအားတွေ ပိုတိုးပေးလာတာနဲ့အမျှ အမေရိကန်စစ်တပ်က ပွာတိုရီကိုနိုင်ငံမှာ တည်ရှိမှုကို မြှင့်တင်နေပြီး အော့စ်ပရေး လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေနဲ့ နောက်ထပ် တပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ လေးလေးစားစား ဖော်ဖော်ရွေရွေ ဖုန်းခေါ်ခဲ့တယ်လို့ အတည်ပြုပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ သံတမန်ရေးအတွက် အလားအလာရှိတဲ့ ပွင့်လင်းမှုတခုအဖြစ် သူက ယူဆခဲ့တာပါ။
မာဒူရိုက သူနဲ့ သူ့မိသားစုဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားခြင်းနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အဓိကအမှုတခု အဆုံးသတ်ခြင်း အပါအဝင် တရားဝင်လွတ်ငြိမ်းခွင့် အပြည့်အဝ ရမယ်ဆိုရင် ဗင်နီဇွဲလားကနေ ထွက်သွားဖို့ ဆန္ဒရှိတယ်လို့ ထရမ့်ပ်ကို ပြောခဲ့တဲ့အကြောင်း တနင်္လာနေ့က ဖုန်းခေါ်ဆိုမှုနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ် ၄ ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးမှောင်ခို ကုန်ကူးတယ်လို့ စွပ်စွဲခံရတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ၊ စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရာဇဝတ်ဂိုဏ်း ကာတဲလ် ဒေလော့စ် ဆိုလက်စ်ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်တာ အပါအဝင် အမေရိကန်က ဗင်နီဇွဲလားအပေါ် လပေါင်းများစွာ ဖိအားပေးအပြီးမှာ မာဒူရိုက ဖုန်းခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


