
ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေတာက ကောင်းပေမဲ့ ယူကရိန်းဟာ အခိုင်မာဆုံးအနေအထားမှာ ရှိဖို့လိုတယ်လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အတွင်းရေးမှူးချုပ် မာ့ခ် ရူတေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
NATO မဟာမိတ်အဖွဲ့ရဲ့ ဦးစားပေးတွေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အထူးသဖြင့် ယူကရိန်းစစ်ပွဲကို ဆွေးနွေးဖို့ ဘရပ်ဆဲလ်မြို့တော်က NATO မဟာမိတ်အဖွဲ့ရဲ့ ရုံးချုပ်မှာ ကျင်းပမဲ့ အစည်းအဝေးတခုအတွက် NATO နိုင်ငံခြားရေးဝန်ကြီးတွေ ရောက်လာချိန်မှာ ရူတေရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။
ရူတေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုနဲ့ သူ့အဖွဲ့တို့နဲ့ အဆက်မပြတ် ဆက်သွယ်နေတယ်လို့လည်း ပြောပါတယ်။
မာကို ရူဘီအိုဟာ ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လာရင်သာမက ဆူဒန်၊ ဂါဇာနဲ့ အမေရိကန်တို့ ဆောင်ရွက်နေတဲ့ တခြားကိစ္စရပ်တွေ အားလုံးနဲ့ ပတ်သက်လာရင်လည်း အလွန်ကြိုးစားလုပ်ဆောင်နေပါတယ်။
ဒါကြောင့် သူ ဒီနေရာမှာ မရှိတာကို လုံးဝလက်ခံနိုင်ပါတယ်လို့ ရူတေက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters


