
ယူကရိန်းနိုင်ငံ အလယ်ပိုင်းရှိ အရှေ့ဘက်မြို့ဖြစ်တဲ့ နီးပရိုမြို့ကို ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိတွေက ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို ထမ်းစင်တွေပေါ်မှာ သယ်ဆောင်လာတဲ့ အရေးပေါ်တုံ့ပြန်သူတွေနဲ့ မီးတောက်တွေကို ငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေကို ပြသထားတဲ့ ဗီဒီယိုကို အရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ကားဝန်ဆောင်မှုဌာနတခု၊ စီးပွားရေးလုပ်ငန်းတွေ၊ ရုံးခန်းအဆောက်အအုံတခုနဲ့ မော်တော်ကား ၄၉ စီး ပျက်စီးသွားကြောင်း ယူကရိန်းအရေးပေါ်ဌာနက ပြောကြားခဲ့ပါတယ်။
၄ နှစ်နီးပါးကြာ ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ သံတမန်ရေးအရ တွန်းအားပေးမှုတွေ ပြင်းထန်လာချိန်မှာပဲ အခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ယူကရိန်းအဖွဲ့နဲ့ အမေရိကန်အရာရှိတွေနဲ့ ဆွေးနွေးပြီး နောက်တရက် တနင်္လာနေ့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ပြင်သစ်ကိုသွားရောက်နေတာ ဖြစ်ပါတယ်။
Source: Reuters


