
ဟောင်ကောင်မှာ လူ ၁၅၁ ယောက် သေဆုံးခဲ့တဲ့ မကြာသေးမီက မီးလောင်မှုဖြစ်ရပ်ဆိုးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းမယ်လို့ ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ပြည့်စုံတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ လေးနက်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
ဆယ်စုနှစ်များစွာအတွင်း မြို့တော်ရဲ့ အသေအပျောက်အများဆုံး မီးလောင်မှုကို စုံစမ်းစစ်ဆေးဖို့ လူ ၂၅ ယောက်ထက်မနည်းကို ရဲနဲ့ ဟောင်ကောင် လွတ်လပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့က ဖမ်းဆီးခဲ့တယ်လို့ လီက ပြောခဲ့ပြီး မီးလောင်မှုကို ပိုအားကောင်းစေတဲ့ အရည်အသွေးမမီတဲ့ ပြန်လည်ပြုပြင်မွမ်းမံရေးပစ္စည်းတွေကို ထောက်ပြခဲ့ပါတယ်။
အစိုးရအနေနဲ့ ဒီလစ်ဟာချက်အားလုံးကို ပိတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ လီက ထပ်လောင်းပြောခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဝမ်ဖှုကို့ထ် အထပ်မြင့်အိမ်ရာမှာ မီးလောင်မှုအတွင်း မီးလောင်ပျက်စီးသွားတဲ့ မိုးမျှော်တိုက် ၇ လုံးကို ရဲတပ်ဖွဲ့က ဆက်ရှာခဲ့ပြီး မီးတောက်တွေကနေ ထွက်ပြေးဖို့ ကြိုးစားရင်း လှေကားတွေနဲ့ အမိုးတွေပေါ်မှာ ပိတ်မိနေတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။
Source: Reuters


