
NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဂျပန်လွှတ်တော်အမတ်များရုံးမှာ မြန်မာ့အရေးကြားနာပွဲကို နိုဝင်ဘာ ၂ ရက် ညနေက ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်စု ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ပကတိအခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
လက်ရှိနယ်မြေအချို့သာ ထိန်းချုပ်ထားနိုင်တဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းခဲ့ချိန်မှစပြီး ဒီနေ့အထိ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုတွေအပါအဝင် စစ်ရာဇဝတ်မှုကျုးလွန်နေတဲ့အပေါ် သက်သေအထောက်အထားတွေနဲ့ ရှင်းလင်းတင်ပြကာ စစ်ကောင််စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဂျပန် အစိုးရအနေနဲ့ နိုင်ငံတကာလက်တွဲကာ အသိအမှတ်မပြုဖို့ တောင်းဆို တိုက်တွန်းခဲ့ပါသည်။
ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ အမျိုးသားစီးပွားရေးကို ထိခိုက်ခြိမ်းခြောက်နေတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ မြန်မာစစ်ကောင်စီတို့အကြား ဆက်နွှယ်ပူးပေါင်းပြီး အကျိုးအမြတ်ခွဲယူနေကြတာကိုလည်း အထောက်အထားတွေနဲ့ တင်ပြဆွေးခဲ့ပါတယ်။
ပါတီစုံပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂရဲ့ အတွင်းရေးမှူး လွှတ်တော်အမတ် မစ္စတာ အီရှိဘရှိကလည်း သူတို့အမတ်များသမဂ္ဂက ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုရေး NUG အပါအဝင်၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာက လွှတ်တော်အမတ်တွေနဲ့ ပူးပေါင်းကာ တတ်နိုင်တဲ့ဘက်မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြားနာပွဲမှာ ကတိပြုခဲ့ပါတယ်။
အဆိုပါပွဲကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်၊ ဦးစောဘလှသိန်း၊ ဂျပန်လွှတ်တော်အမတ်တွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ တတ်သိပညာရှင်တွေ၊ ဂျပန်အန်ဂျီအိုအဖွဲ့အစည်းတွေေ နွေ ဦးတော်လှန်ရေး အားပေးသူ ဂျပန်လူမျိုးတွေ၊ မြန်မာ့အရေး လှုပ်ရှားနေသူတွေနဲ့ ဂျပန်သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံ အသိအမှတ်မပြုကြောင်း ဂျပန်လွှတ်တော်အမတ် ၆၇ ယောက်က လက်မှတ်ရေးထိုးကာ ဂျပန်အစိုးရထံတင်ပြထားသလို နိုဝင်ဘာ ၂၈ ရက် ဂျပန်လွှတ်တော်မှာလည်း လွှတ်တော်အမတ်မစ္စတာဆခဂူချီက ဂျပန်အစိုးအနေနဲ့ အသိအမှတ်မပြုရေး တင်ပြဆွေးနွေးထားပါတယ်။
ဇော်ဇော်လှိုင်


