
လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့ အီမာမ် အယ်လ်-မာဒီ ကင်းထောက်အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဟာ နိုဝင်ဘာ ၃၀ ရက်က ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ယာဉ်တန်းက သမ္မတနန်းတော်ဆီ ဦးတည်သွားချိန်မှာ ကြိုဆိုဖို့ မြို့တော်ဘေရွတ်ရဲ့ တောင်ပိုင်းဆင်ခြေဖုံးက လမ်းဘေးတလျှောက်မှာ စုဝေးခဲ့ကြပါတယ်။
ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းကြီးဟာ ၄ ရက်ကြာ လည်ပတ်နေတဲ့ တူရကီနိုင်ငံကနေ လက်ဘနွန်နိုင်ငံဆီ လေယာဉ်နဲ့ ပျံသန်းလာခဲ့တာပါ။
ကမ္ဘာ့သွေးထွက်သံယို ပဋိပက္ခတွေနဲ့ ဘာသာရေးအမည်တပ် ရှုတ်ချထားတဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားမျိုးနွယ်ရဲ့ အနာဂတ်က အန္တရာယ်ရှိနေတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ခရစ်ယာန်ဘာသာဝင် အများဆုံးရှိတဲ့ လက်ဘနွန်နိုင်ငံဟာ ဂါဇာပဋိပက္ခရဲ့ သက်ရောက်မှုတွေ ရိုက်ခတ်ခံခဲ့ရပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်က ရှီးယိုက် မွတ်စလင်အဖွဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲဆင်နွှဲခဲ့လို့ အစ္စရေးက အပြင်းအထန် ထိုးစစ်ဆင်တာခံရပြီး စစ်ပွဲ အဆုံးသတ်ခဲ့ပါတယ်။
Source: Reuters


