
အဂတိလိုက်စားမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သမ္မတ အိုက်ဆက် ဟာဇော့ဂ်ထံကနေ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလိုက်ပါတယ်။
သမ္မတရုံးကတော့ ဒီတောင်းခံမှုအပေါ် ဆုံးဖြတ်ချက်မချခင် တရားရေးဆိုင်ရာ အရာရှိတွေရဲ့ ထင်မြင်ချက်ကို ရယူသွားမယ်လို့ ပြောပါတယ်။
နေတန်ယာဟုဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမှု ၃ မှုနဲ့ပတ်သက်ပြီး လာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှု အလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒီအမှုတွေကို ရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ နေတန်ယာဟုက ဗီဒီယိုမက်ဆေ့ချ် ထုတ်ပြန်ပါတယ်။
အတိုက်အခံခေါင်းဆောင်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်လိုချင်ရင် အပြစ်ရှိကြောင်း ဝန်ခံပြီး နိုင်ငံရေးလောကကနေ ချက်ချင်း အနားယူသင့်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာလအစောပိုင်းမှာ သမ္မတ ဟာဇော့ဂ်ကို နေတန်ယာဟုကို အလုံးစုံ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။
သမ္မတ ဟာဇော့ဂ်က လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ တရားဝင်တောင်းခံမှသာ ရမယ်လို့ အဲဒီတုန်းက တုံ့ပြန်ခဲ့ပါတယ်။
Source: Reuters


