
အစ္စရေးဟာ အရှေ့အလယ်ပိုင်းအတွက် အဓိက လုံခြုံရေးခြိမ်းခြောက်မှုဖြစ်ပြီး နယ်ချဲ့မူဝါဒတွေကတဆင့် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ကြိုးပမ်းနေတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က နိုဝင်ဘာ ၃၀ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
အီရန်မြို့တော် တီဟီရန်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲတရပ်မှာ ခုလို ပြောလိုက်တာပါ။
အဓိကရည်မှန်းချက်က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းပြီး နောက်တဆင့်ဆီ ရှေ့ဆက်ဖို့လို့ ဖီဒန်က ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးက ဂါဇာအပေါ် ဗုံးကြဲတိုက်ခိုက်လို့ ကမ်းရိုးတန်းဒေသအများစု ပျက်စီးခဲ့ပြီး လူ ၇၀,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောခဲ့ပါတယ်။
Source: Reuters


