
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်စ်ပြည်နယ်၊ ဆစ်ဒနီမြို့နားမှာ နိုဝင်ဘာ ၃၀ ရက်က အမှိုက်စွန့်ပစ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက မီးလောင်မှုရဲ့ အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေးနေပါတယ်။
ဆစ်ဒနီ အနောက်ဘက်ဆင်ခြေဖုံးက စိန့်မေရီမြို့မှာရှိတဲ့ စက်ရုံကို မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမားတွေကတော့ သူတို့ကြုံတွေ့ခဲ့ရသမျှ အကြီးမားဆုံး ပေါက်ကွဲမီးလောင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
မီးသတ်သမား ၂ ယောက်က သူတို့ရဲ့ လက်အိတ်တွေကနေတဆင့် စိမ့်ထွက်နေတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ပြီးတဲ့နောက် အရေပြားယားယံတာကို ခံစားခဲ့ရကာ ဒီဒဏ်ရာတွေက အသေးအဖွဲဖြစ်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters


