
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်း စတော့ခ်တွန်မြို့က မိသားစု ဆုံစည်းပွဲတခုမှာ နိုဝင်ဘာ ၂၉ ရက် ညက လူ ၁၄ ယောက် ပစ်ခတ်ခံခဲ့ရပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
စတော့ခ်တန်မြို့ လူစီးရိပ်သာလမ်းရဲ့ ၁၉၀၀ လမ်းကြားနားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ ကလေး တယောက်ရဲ့ မွေးနေ့ပွဲမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ စတော့ခ်တန်မြို့ရဲ့ ဒုတိယမြို့တော်ဝန် ဂျေဆွန်လီးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ပြောပါတယ်။
ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာနဲ့ သေနတ်သမားဟာ ဘယ်သူလဲဆိုတာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ အာဏာပိုင်တွေက မပေးခဲ့ပါဘူး။


