
အမေရိကန်နိုင်ငံသားနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) ဟာ ခိုလှုံခွင့်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း အေဂျင်စီဒါရိုက်တာ ဂျိုးဇက်ဖ်အဒ်လိုးက နိုဝင်ဘာ ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂျိုးဇက်ဖ်အဒ်လိုးက “USCIS ဟာ နိုင်ငံခြားသားတိုင်းကို အမြင့်ဆုံးအဆင့်အထိ စိစစ်ပြီး စစ်ဆေးနိုင်တဲ့အထိ ခိုလှုံခွင့်ဆုံးဖြတ်ချက်အားလုံးကို ရပ်ဆိုင်းထားပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ ဘေးကင်းရေးကို အမြဲတမ်း ဦးစားပေးပါတယ်” လို့ သူ့ရဲ့ X လူမှုကွန်ရက် မှာ ပို့စ်ရေးတင်ထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကလည်း အာဖဂန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအတွက် ဗီဇာတွေကို ခေတ္တရပ်ဆိုင်းထားကြောင်း ရေးသားခဲ့ပါတယ်။
သမ္မတထရမ့်ပ်ရဲ့ နိုင်ငံခြားရေးဌာနဟာ အာဖဂန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အားလုံးအတွက် ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပါကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကျွန်ုပ်တို့ရဲ့နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ခြင်းထက် ဦးစားပေးလုပ်ဆောင်ဖို့ မရှိကြောင်း ရေးထားပါတယ်။
တနေ့တည်းထဲမှာပဲ နိုင်ငံခြားရေးဌာနကလည်း အာဖဂန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ အတွက် ဗီဇာထုတ်ပေးတာကို ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ အများပြည်သူဘေးကင်းရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကို ဌာနက လုပ်ဆောင်နေပါကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။
Source: Reuters


