ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲမှာ မြန်မာလူငယ်အသင်းက အိုမန်လူငယ်အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
မြန်မာလူငယ်အသင်းအတွက် ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် အောင်သီဟ က ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှာ ဂိုးစည်းအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းပေးခဲ့သလို ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ လင်းရောင်ကန်တင်ပို့ပေးတဲ့ ဘောလုံးကို ရှေ့တန်းကစားသမား ညီညီသန့်က အနီးကတ် ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာပါ။

မြန်မာလူငယ် အသင်းဟာ အုပ်စု G မှာ ၃ ပွဲကစား ၃ ပွဲနိုင်ရမှတ် ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီး အိုမန်နဲ့ ဆီးရီးယားတို့က ရမှတ် ၆ မှတ်စီနဲ့ အုပ်စု ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၃၀ ရက်ညနေမှာ ဆီးရီးယားနဲ့ နောက်ဆုံးပွဲစဉ် ကစားဖို့ ကျန်ရှိနေပါတယ်။
တရက်တည်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ နီပေါတို့ ပွဲမှာတော့ အာဖဂန်နစ္စတန်အသင်းက (၂-၀) ဂိုးနဲ့ အနိုင်ရသွားပေမဲ့ ၂ သင်းစလုံး ခြေစစ်ပွဲမအောင်နိုင်တော့ ပါဘူး။
Photo: MFF




