Home
အားကစား
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ၌ မြန်မာလူငယ်အသင်းက အာဖဂန်နစ္စတန်ကို (၃-၁) ဂိုးဖြင့် အနိုင်ရ
DVB
·
November 23, 2025
Photo: MFF

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ  နိုဝင်ဘာ ၂၂ ရက် မနေ့ ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာလူငယ်အသင်းက အာဖဂန်နစ္စတန်လူငယ်အသင်းကို (၃-၁) ဂိုးနဲ့  အနိုင်ရရှိ သွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ပထမပိုင်း ပွဲချိန် ၃၃ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် အောင်သီဟက ထောင့်ကန်ဘောကန်တင်ပေးလိုက်တာမှာ နောက်တန်းကစားသမား မျိုးခန့်ကျော်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ မြန်မာအသင်းအတွက် ဦးဆောင် အဖွင့်ဂိုးရရှိသွားပါတယ်။ 

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာ မြန်မာရှေ့တန်းတိုက်စစ်မှူး ရဲနိုင်အောင်က ဂိုးသမားကိုပါ လိမ်ခေါက်ပြီး အပိုင်သွင်းယူသွားခဲ့သလို ပွဲချိန် ၅၉ မိနစ်မှာ  စိုင်းမြတ်မင်းက ပင်နယ်တီကနေ နောက်ထပ် တဂိုးသွင်းယူနိုင်ခဲ့လို့ မြန်မာအသင်း ၃ ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

အာဖဂန်နစ္စတန်အသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၇၄ မိနစ်မှာ  ယာစင်နာဇာဟီက သွင်းယူခဲ့ပြီး ဘယ်အသင်းကမှ နောက်ထပ် သွင်းဂိုးတွေ ထပ်မသွင်းနိုင်တော့လို့  မြန်မာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရသွားပါတယ်။

မနေ့ညနေက ရန်ကုန်မှာပဲ ကစားသွားတဲ့ ဆီးရီးယားနဲ့ နီပေါ လူငယ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဆီးရီးယားက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီရလဒ်ကြောင့် မြန်မာလူငယ်အသင်းဟာ  ၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု G မှာ ဆီးယီးယားနဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့  အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

Photo: MFF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013