
မြန်မာဘောလုံးအသင်းရဲ့ အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်ကစားခွင့်ရရှိရေး အိပ်မက်ဟာ ဆီးရီးယား အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ထပ်မံရှုံးနိမ့်မှုနဲ့အတူ နှစ်ပေါင်း ၆၀ ကျော် ထပ်မံဝေးကွာနေ ဆဲဖြစ်ပါတယ်။
၂၀၂၇ ခုနှစ်အာရှဖလားခြေစစ်ပွဲမှာ မြန်မာအသင်းက ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် အသင်းတွေနဲ့ တအုပ်စုတည်းကျရောက်ခဲ့ပြီး လက်ကျန် ၂ ပွဲအလိုမှာပဲ ခြေစစ်ပွဲကျရှုံးဖို့ သေချာသွားခဲ့တာပါ။
အဖွင့် ၂ ပွဲဖြစ်တဲ့ အာဖဂန်နဲ့ ပါကစ္စတန်ပွဲတွေကို အနိုင်ရရှိခဲ့ပေမဲ့ ဆီးရီးယားနဲ့ ပွဲစဉ်မှာ နှစ်ကျော့စလုံး ဂိုးပြတ်ရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ပြီး အာရှဖလားဝင်ခွင့်အတွက် နှစ်ပေါင်း ၆၀ ကျော် ဆက်လက်ဝေးကွာစေခဲ့တာပါ။
မြန်မာဘောလုံးအသင်းဟာ အီရန်မှာကျင်းပခဲ့တဲ့ ၁၉၆၈ ခုနှစ် အာရှဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲထိရောက်ခဲ့ပြီး အိမ်ရှင်အီရန်ကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ကာ ဒုတိယဆုရ ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းကတည်းက အာရှဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခွင့်မရရှိတော့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိဆိုရင် နှစ်ပေါင်း ၅၇ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။
နောက်ထပ်အာရှဖလားပြိုင်ပွဲက ၂၀၃၁ ခုနှစ် ရောက်မှ ယှဉ်ပြိုင်ကစားမှာဖြစ်လို့ မြန်မာအသင်းရဲ့ အာရှဖလားဝင်ခွင့် အိပ်မက်က နှစ်ပေါင်း ၆၀ ကျော် အထိ ဝေးကွာတော့မှာ ဖြစ်ပါတယ်။


