
ယူကရိန်းစစ်ပွဲကို အမှန်တကယ် အဆုံးသတ်ဖို့ ရုရှားရဲ့ စစ်တပ်အရွယ်အစားနဲ့ စစ်ရေးဘတ်ဂျက်ကို လျှော့ချသင့်တယ်လို့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ကာဂျာကားလက်စ်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
“ဒီစစ်ပွဲဆက်ဖြစ်နေတဲ့ ကိစ္စကနေ ကာကွယ်ချင်ရင် ရုရှားစစ်တပ်နဲ့ စစ်ရေးဘတ်ဂျက်ကိုပါ လျှော့ချသင့်တယ်လို့ ကားလက်စ်က EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဗီဒီယိုကွန်ဖရင့်တခုအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဘယ်ငြိမ်းချမ်းရေး သဘောတူညီချက်မှာမဆို ရုရှားဘက်က လိုက်လျောမှုတွေပါဖို့ လိုအပ်တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန်က ထောက်ခံတဲ့ မူဘောင်တခုကို လမ်းဖွင့်ပေးဖို့နဲ့ ဥရောပမဟာမိတ်တွေ ပါသင့်တယ်လို့ သူပြောတဲ့ ဆွေးနွေးပွဲတွေမှာ ထရမ့်ပ်နဲ့ အငြင်းပွားစရာ အချက်တွေကို ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။
Source: Reuters


