
ရုရှားနိုင်ငံဟာ နိုဝင်ဘာ ၂၆ ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနက သုံးမယ့် အာကာသကိရိယာတွေကို သယ်ဆောင်ထားတဲ့ စစ်ဘက်ဆိုင်ရာဂြိုဟ်တု တလုံးကို ပလီစီယက်စ်ခ် အာကာသစခန်းကနေ အာကာသထဲကို အောင်အောင်မြင်မြင် လွှတ်တင်ခဲ့တယ်လို ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဂြိုဟ်တုကို လွှတ်တင်ရာမှာ ရုရှားနိုင်ငံမှာ တီထွင်ထားတဲ့ အန်ဂါရာ -1.2 smaill-lift ဒုံးပျံကို သုံးခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာတုန်းက ရုရှားကာကွယ်ရေးဝန်ကြီးဖြစ်သူ ဆာဂေးလ် ရွှိုင်ဂူက ပလီစီယက်စ်ခ် စစ်ဘက်ဆိုင်ရာ အာကာသစခန်းကို ခေတ်မီအောင် ဆောင်ရွက်မှု ပြီးစီးပြီးတဲ့နောက် အာကာသ ယာဉ်လွှတ်တင်မှုတွေကို ပံ့ပိုးနိုင်စွမ်း နှစ်ဆတိုးလာမယ်လို့ ပြောခဲ့ပါတယ်။
Source:Reuters


