
ရုရှားက သူ့တပ်ဖွဲ့တွေဟာ ယူကရိန်းရွာ ၃ ရွာကို နိုဝင်ဘာ ၂၃ ရက်က ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ယူကရိန်းက အဲဒီနေ့မှာပဲ ရှေ့တန်းမှာ တိုက်ပွဲ ၁၆၂ ကြိမ် ဖြစ်ခဲ့တယ်လို့ သတင်းပို့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းပစ်မှတ်တွေကို ၁၄၈ နေရာမှာ တိုက်ခိုက်ခဲ့ပြီး ဒန်ညက်စ်ဒေသက ပက်ထရော့ဗ် စကိုယီရွာ၊ နီပရို ပီထရော့ဗ်စ်ဒေသက တစ်ခွိုင်နဲ့ အော့ထရာ့နိုင်လို့ ခေါ်တဲ့ ရွာစုစုပေါင်း ၃ ရွာကို ထိန်းချုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ပေါ့ခ်ရော့ဗ်စ်ခ်ဒေသမှာ အမှတ် ၂ ရုရှားတပ်မတော်ရဲ့ တိုက်ခိုက်ရေးအဖွဲ့တွေဟာ အလယ်ပိုင်းခရိုင်၊ သတ္တုတွင်းခရိုင်နဲ့ အနောက်ပိုင်းစက်မှုဇုန်တို့မှာ အဝိုင်းခံထားရတဲ့ ယူကရိန်း တပ်ဖွဲ့တွေကို ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်ဖွဲ့နဲ့ အမြောက်တပ်တို့က ရုရှားတပ်သားတွေ၊ လက်နက်တွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ စုဝေးရာနေရာ ၂ ခုကို တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် မြောက်ပိုင်း ဒေသ၂ခုမှာ တိုက်ပွဲ ၁၉ ကြိမ်ဖြစ်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းတပ်ဖွဲ့တွေက စနေနေ့မှာ ပေါ့စ်ရော့စ်ခ်-မွေနိုရဒ် အစုအဝေးမှာ ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ရုရှားတွေရဲ့ တိုက်ခိုက်မှု များစွာကို အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
Source: Reuters


