
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုဟာ ကာရာကတ်စ်မြို့တော်မှာ အရပ်ဘက်-စစ်ဘက် ချီတက်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှာ ဦးဆောင်ခဲ့ပြီး ဘယ်အင်ပါယာရဲ့ ခြိမ်းခြောက်မှုကနေမဆို နိုင်ငံကို ကာကွယ်ဖို့ ကတိပြုခဲ့ပါတယ်။
အရပ်သားတွေ၊ နိုင်ငံရေးသမားတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား စည်းလုံးညီညွတ်မှုကို တောင်းဆိုခဲ့ပါတယ်။
လွတ်မြောက်ရေးသမား ဆိုင်မွန် ဘိုလီဗာရဲ့ ဓားကို ကိုင်ဆောင်ထားတဲ့ မာဒူရိုက ဖွှာတေ တူယူနာ စစ်တက္ကသိုလ်မှာ လူအုပ်ကို မိန့်ခွန်းပြောကြားခဲ့တာပါ။
“ဇာတိမြေက ကျနော်တို့ရဲ့ အကြီးမားဆုံးသော ကြိုးပမ်းအားထုတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို တောင်းဆိုပါတယ်။ ဘိုလီဗာနဲ့အတူ ကျနော် ပြောချင်တာက ဇာတိမြေက တောင်းဆိုရင် လိုအပ်ရင် ကျနော်တို့ရဲ့ အသက်ကို ပေးလှူမှာပါ” လို့ ပြောခဲ့ပါတယ်။
ထိပ်တန်းအစိုးရအရာရှိတွေနဲ့ စစ်ဘက်ဝန်ထမ်းတွေ တက်ရောက်ခဲ့တဲ့ အဲဒီအခမ်းအနားမှာ အမျိုးသားရေးသင်္ကေတတွေကို ဂုဏ်ပြုခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် ပြင်ပဖိအားတွေကို ဗင်နီဇွဲလားက ခုခံမယ်လို့ ပြန်အတည်ပြုခဲ့ပါတယ်။
မာဒူရိုက သတိရှိရှိနဲ့ စွန့်လွှတ်အနစ်နာခံဖို့ တိုက်တွန်းခဲ့ပြီး ဘိုလီဗာ ရဲ့ အမွေအနှစ်ကို ရည်ညွှန်းရင်း ဒီကောင်းချီးမင်္ဂလာရှိတဲ့ မြေရဲ့ တလက်မချင်းစီကို ကာကွယ်ဖို့ နိုင်ငံကို တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်စစ်ရေး ခြိမ်းခြောက်မှုတွေနဲ့ ဖိအားတွေ တိုးလာနေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတင်းမာမှုတွေကြားမှာ ဒီချီတက်ပွဲ ဖြစ်ပေါ်လာတာပါ။
Source: Reuters


