
ပွာတိုရီကိုနိုင်ငံ အရှေ့မြောက်ဘက် ဆေးဘာမြို့က ရုစဗဲ့လမ်း ရေတပ်အခြေစိုက်စခန်းမှာ အမေရိကန်စစ်တပ်ရဲ့ လေယာဉ်တွေကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရတာပါ။
ဗင်နီဇွဲလားနဲ့ ပတ်သက်တဲ့ စစ်ဆင်ရေး အဆင်သင့်တွေကို အမေရိကန်အစိုးရက ပြင်ဆင်နေတာလို့ အမေရိကန် အရာရှိ ၄ ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အခြေစိုက်စခန်းက ဗီဒီယိုမှတ်တမ်းထဲမှာ အမေရိကန် မရိန်းတပ်က KC-130Jနဲ့ F-35B တိုက် လေယာဉ်တွေနဲ့ အမေရိကန်လေတပ်က AC-130 တိုက်ခိုက်ရေးလေယာဉ်တွေ အခြေစိုက် စခန်းဟောင်းကနေ ပျံတက် ဆင်းသက်နေတာကို ပြသထားပါတယ်။
စီစဉ်ထားတဲ့ စစ်ဆင်ရေးရဲ့ အချိန်နဲ့ အတိုင်းအတာ ပမာဏကို ရိုက်တာသတင်းဌာနက အတည်မပြုထားပါဘူး။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘယ်လုပ်ဆောင်ချက်ကိုမဆို ခွင့်ပြုခဲ့ခြင်း ရှိ၊ မရှိကိုလည်း အတည်မပြုခဲ့ပါဘူး။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုရဲ့အစိုးရနဲ့ ဆက်ဆံရေး ယိုယွင်းလာချိန်မှာ အမေရိကန် စစ်တပ်က ဗင်နီဇွဲလားနဲ့ ပိုနီးတဲ့ နေရာတွေမှာ တပ်ချနေရာယူလာချိန်မှာ မကြာသေးမီက ဖြစ်နိုင်ခြေရှိတဲ့ လှုပ်ရှားမှု သတင်းတွေ ပိုစိပ်စိပ် ထွက်ပေါ်လာခဲ့ပါတယ်။
Source: Reuters


