
အီသီယိုးပီးယားနိုင်ငံ၊ အက်ဖှာ ဒေသက ဟေလီဂူဘီ မီးတောင်ဟာ နိုဝင်ဘာ ၂၃ ရက်မနက်မှာ ပေါက်ကွဲခဲ့ပြီး အနားက ရွာတွေမှာ ဖုန်မှုန့်တွေ ဖုံးလွှမ်းသွားတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
စမစ်ဆိုးနီးယန်း တက္ကသိုလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ မီးတောင်အစီအစဉ်အရ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,၀၀၀ အတွင်း မှတ်တမ်းတင်ထားသမျှ ဟေလီဂူဘီ မီးတောင်ရဲ့ ပထမဆုံးပေါက်ကွဲမှုလည်း ဖြစ်ပါတယ်။
ဂြိုဟ်တုပုံရိပ်တွေထဲမှာ ပင်လယ်နီပေါ်မှာ ပြာတိမ်တိုက်တခု မျောပါနေတာကို ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဒေသခံမီဒီယာတွေက ပြောခဲ့ပေမဲ့ ပြာတွေဟာ မြက်ခင်းပြင်တွေကို လျော့ကျစေလို့ ဒေသခံမွေးမြူရေးတိရစ္ဆာန်ပိုင်ရှင်တွေရဲ့ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Reuters


