
ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ ပေါက်ကွဲခဲ့တဲ့ ကလျူချဗ်စကီ မီးတောင်ကနေ တက်လာတဲ့ ပြာနဲ့ မီးခိုးတွေကြောင့် ကောင်းကင်မှာ တိမ်တွေကို ပန်းရောင်အနုအရင့်အနေနဲ့ သြဂုတ် ၄ ရက် မနက်အစောပိုင်းက မြင်ရပါတယ်။
မီးတောင်ပေါက်ကွဲပြီးတဲ့နောက် ပြာမှုန်တွေ လွင့်တက်လာတာဟာ ကောင်းကင်မှာ အမြင့် ၆ ဒသမ ၅ ကီလိုမီတာအထိ ရောက်ခဲ့တယ်လို့ ရုရှားမြေငလျင်ဗေဒ ပညာရှင်တွေက ပြောပါတယ်။
ရင်သပ်ရှုမောဖွယ် အသွင်အပြင်ရှိပြီး ရွာတွေနဲ့ဝေးပေမဲ့ မီးတောင်ပေါက်ကွဲလို့ လွင့်လာတဲ့ ပြာတွေဟာ အဲဒီဒေသကို ဖြတ်ကျော်ပျံသန်းတဲ့ လေယာဉ်တွေကို အန္တရာယ်ဖြစ်စေနိုင်လို့ မီးတောင်ပေါက်ကွဲမှုကို လိမ္မော်ရောင်လေကြောင်းကုဒ်အဖြစ် သြဂုတ် ၃ ရက်မှာ သတ်မှတ်ထားတယ်လို့ ရုရှားအရေးပေါ်ဝန်ကြီးဌာနက ပြောပါတယ်။
ဒေသတွင်း မြို့တော် ပေထရို ပါဗက်စ်ခ် ကမ်ချက်စကီရဲ့ မြောက်ဘက် မိုင် ၂၈၀ အကွာမှာရှိတဲ့ ကလျူချဗ်စကီ မီးတောင်ဟာ ကမ္ဘာ့အမြင့်ဆုံးမီးတောင်တွေထဲက တခုဖြစ်ပါတယ်။
ပြင်းအား ရစ်ချ်တာစကေး ၈ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ကမ်ချတ်ကာဒေသက အဆောက်အအုံတွေ ပျက်စီးပြီး ဝေးလံခေါင်သီတဲ့ ရုရှားဒေသမှာ လူအများအပြား ဒဏ်ရာရပေမဲ့ သေဆုံးသူ မရှိခဲ့ပါဘူး။
Source: Reuters