
မြောက်ကိုရီးယား အစိုးရရှေ့နေအဖွဲ့တဖွဲ့ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ ပြုံယမ်းကနေ ထွက်ခွာသွားခဲ့ကြောင်း သြဂုတ် ၅ ရက်မှာ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA) က သတင်းထုတ်ပါတယ်။
ထိပ်တန်း အစိုးရရှေ့နေများရုံးချုပ်ရဲ့ ဒုတိယညွှန်ကြားရေးမှူး ယန်းကွမ်းဝန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သြဂုတ် ၄ ရက်က ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြောက်ကိုရီးယား တာဝန်ရှိသူတွေက ပို့ဆောင်နှုတ်ဆက်နေပုံ ဗီဒီယိုကို KCNA သတင်းမှာ ဖော်ပြပါတယ်။
ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ အချိန်ဇယားကိုတော့ KCNA သတင်းမှာ မဖော်ပြထားပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးဟာ နက်ရှိုင်းလာခဲ့ပြီး မော်စကိုရဲ့ စစ်ရေးလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးဖို့ မြောက်ကိုရီးယားအစိုးရဟာ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ကို ရုရှားဆီ ပေးပို့ စေလွှတ် တပ်ဖြန့်ချခဲ့ပါတယ်။
Source: Reuters