
ပြုံယမ်းနဲ့ တင်းမာမှုလျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား အစိုးရသစ်ဟာ နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ မြောက်ကိုရီးယား ဆန့်ကျင်ရေး သတင်းစကားတွေ အသံလွှင့်တဲ့ အသံချဲ့စက်တွေကို သြဂုတ် ၄ ရက်မှာ စတင်ဖယ်ရှားနေပြီ ဖြစ်ပါတယ်။
ဇွန်လမှာ သမ္မတ အီဂျယ်မြောင် တာဝန်စယူပြီး မကြာခင်မှာပဲ တောင် မြောက် ဆွေးနွေးမှုတွေ ပြန်စတင်နိုင်ဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီအသံချဲ့စက်တွေကနေ မြောက်ကိုရီးယားအစိုးရကို တိုက်ခိုက်တဲ့ အသံလွှင့်မှုတွေကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်တွေကို မြောက်ကိုရီးယားဘက်က ပယ်ချထားပါတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေးနဲ့ပဲ ပြီးဆုံးခဲ့တဲ့အတွက် နှစ်နိုင်ငံဟာ တရားဝင်စစ်ပွဲ အဆုံးမသတ်နိုင်ခဲ့ဘဲ စစ်ဖြစ်နေဆဲ အခြေအနေမှာပဲ ရှိနေပါတယ်။
Source: Reuters