Home
နိုင်ငံတကာ
နျူကလီးယားအစီအစဉ်ကို အမေရိကန် အဆုံးသတ်နိုင်မည်မဟုတ်ဟု မြောက်ကိုရီးယားပြော
DVB
·
July 29, 2025
Photo: Retuers/Kevin Lamarque

မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အတိတ်ကာလ ထိပ်သီးအစည်းအဝေးတွေ ပြီးဆုံးသွားပြီးကတည်းက လက်တွေ့အဖြစ်အပျက်တွေ ပြောင်းလဲသွားခဲ့တာကို အမေရိကန်အနေနဲ့ လက်သင့်ခံရမှာဖြစ်ပြီး အနာဂတ်ဆွေးနွေးပွဲတွေမှာလည်း သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို အဆုံးသတ်စေနိုင်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ဇူလိုင် ၂၉ ရက်မှာ ပြောကြားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ကြား ပုဂ္ဂိုလ်ရေးဆက်ဆံရေးကတော့ ‘မဆိုးဝါးဘူး’ ဆိုတာကိုတော့ သဘောတူတယ်လို့ ကင်မ်ဂျုံအန်းရဲ့ ဩဇာထက်တဲ့ နှမဖြစ်သူ ကင်မ်ယိုးဂျုံက ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ဖြူတော်အရာရှိတယောက်က ထရမ့်ပ်ဟာ သူ့ရဲ့ သမ္မတ ပထမသက်တမ်းအတွင်း ကင်မ်ဂျုံအန်းနဲ့အတူ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး ၃ ကြိမ် လုပ်ခဲ့တုန်းက သူထားရှိခဲ့တဲ့ ရည်ရွယ်ချက်အပေါ် ဆက်လက် အားထားနေဆဲ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်က စင်ကာပူမှာ သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုတုန်းက ထရမ့်ပ်နဲ့ ကင်မ်ဂျုံအန်းတို့ဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်တွေ ကင်းစင်စေဖို့ မူအားဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြုံယမ်းအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားဖို့ကိစ္စအပေါ် သဘောထားကွဲလွဲမှုတွေကြောင့် နောက်နှစ် ဟနွိုင်းမှာလုပ်မယ့် ထိပ်သီးအစည်းအဝေး ပျက်သွားခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013