
ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနဲ့ အမေရိကန်အပါအဝင် နိုင်ငံတွေက ပြန်လွှဲပြောင်းပေးခဲ့တဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်း ၁၃၃ မျိုးကို ပီရူးနိုင်ငံမှာ ဇူလိုင် ၂၅ ရက်က ပြသခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြန်ပေးတဲ့ပစ္စည်းတွေထဲမှာ ရှေးဟောင်းကြွေထည်တွေနဲ့ အထူးတလည်ထိန်းသိမ်းထားတဲ့ လမ်ဘာယေးကေ ယဉ်ကျေးမှု ငွေမျက်နှာဖုံးတွေလည်း ပါပါတယ်။
ပုဂ္ဂလိကနိုင်ငံသားတွေနဲ့ ဆွစ်ဇာလန်ပြတိုက်တို့က စေတနာအလျောက် ပြန်ပေးတဲ့ ရှေးဟောင်းပစ္စည်းတွေဟာ ချန်ကိုင်းနဲ့ ဘီကို့စ် အပါအဝင် သမိုင်းဝင်ခေတ်တွေက ယဉ်ကျေးမှုပုံစံတွေ ပါဝင်ပါတယ်။
ထင်ရှားပြီး ရာစုနှစ်တခုကျော် ပျောက်ဆုံးနေတဲ့ အင်ကာအင်ပါယာရဲ့မြို့တော် ကို့စ်ကိုက မူလဘူရိုပုံစံ ယဇ်ပလ္လင်ကို ဆွီဒင်နိုင်ငံက ပြန်ပေးအပ်ခဲ့ပါတယ်။
Source: Reuters