Home
နိုင်ငံတကာ
နျူကလီးယားဆိုင်ရာ လေလုံးထွားမှုမလုပ်ရန် ထရမ့်ပ်ကို ရုရှား ပြော  
DVB
·
August 5, 2025
Photo: REUTERS/Evelyn Hockstein

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ရေငုပ်သင်္ဘောဆိုင်ရာ ကြေညာချက်ကို ပထမဆုံး တုံ့ပြန်တဲ့အနေနဲ့ လူတိုင်းဟာ နျူကလီးယား အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး သတိထားသင့်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က သြဂုတ် ၄ ရက်မှာ ပြောပါတယ်။

ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ထရမ့်ပ်ရဲ့ မှတ်ချက်တွေကို သိသိသာသာ ပယ်ချခဲ့ပြီး အမေရိကန် ရေငုပ်သင်္ဘောတွေဟာ ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်နေပြီဆိုတာ ရှင်းပါတယ်လို့ ပြောပါတယ်။

ရုရှားအစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး ထရမ့်ပ်နဲ့ သဘောထားကွဲလွဲဖို့ ဆန္ဒမရှိဘူးလို့လည်း သူက ပြောပါတယ်။

ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်ရဲ့ ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယား ရေငုပ်သင်္ဘော ၂ စင်းကို သင့်လျော်တဲ့ဒေသတွေမှာ နေရာချထားဖို့ အမိန့်ပေးခဲ့တယ်လို့ ထရမ့်ပ်က သောကြာနေ့မှာ ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013