
နေထိုင်မှုအပြောင်းအလဲက ရက်ရှ်ဖို့ဒ်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်စေကြောင်း ဘာစီလိုနာ နည်းပြ ဟမ်ဆီဖလစ်ခ်က ပြောသွားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အခုနှစ်ရာသီအစက ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားနေသူပါ။
အသင်းသစ်၊ ပတ်ဝန်းကျင်အသစ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ နဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၂ ဂိုးသွင်းပြီး ၆ ကြိမ်ဂိုးဖန်တီးထားပါတယ်။
ဘာစီလိုနာမှာ ပြောင်းရွှေ့ပြီး နေထိုင်မှု ပုံစံပြောင်းလဲသွားတာက ရက်ရှ်ဖို့ဒ်အတွက် ကောင်းမွန်ခဲ့ပြီး ဘာစီလိုနာမြို့ဟာ ရာသီဥတု သာယာပြီး နှစ်သက်စရာကောင်းကြောင်း ဟမ်ဆီဖလစ်ခ်က ပြောပါတယ်။
ဘာစီလိုနာဟာ အခုတပတ် ချန်ပီယံလိဂ်မှာ ချဲလ်ဆီးနဲ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကို ပွဲထွက်စေမလား၊ လူစားဝင်ကစားစေမလားဆိုတာ မဆုံးဖြတ်ရသေးကြောင်း ဟန်ဆီဖလစ်ခ်က ပြောသွားပါတယ်။
Photo: Reuters


