
တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းတိုးတက်လာမှုအပေါ် အားရကျေနပ်မှုရှိကြောင်း ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုက ပြောပါတယ်။
အင်္ဂလန်တိုက်စစ်ကစားသမားဟာ နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးစလုံး သွင်းခဲ့သူဖြစ်ပြီး လာလီဂါမှာလည်း ဂိုးဖန်တီးမှု ၃ ကြိမ် ရရှိအောင် စွမ်းဆောင်ထားပါတယ်။
ရက်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူချင်တယ်ဆိုရင် ခေါ်ယူခွင့်ရှိပြီး လာမယ့်ရာသီအတွက် ကြိုတင်ပြောဆိုတာမျိုးက အချိန်စောနေသေးကြောင်း၊ လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုရှိကြောင်း အားကစားဒါရိုက်တာ ဒေကိုက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်က ထိပ်တန်းအဆင့် ကစားသမားဖြစ်ပြီး မန်ယူနိုက်တက်မှာလည်း အကောင်းဆုံး ဘောလုံးရာသီတွေ ဖြတ်သန်းခဲ့ဖူးကြောင်း၊ နည်းပြအပြောင်းအလဲတွေကြားမှာ စီမံခန့်ခွဲမှု ရှုပ်ထွေးမှုတွေကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာလို့ ဒေကိုက ပြောသွားပါတယ်။


