
စပိန်အမျိုးသားဘောလုံးအသင်းအနေနဲ့ ကစားသမားတွေကို ပိုမိုကောင်းမွန်စွာ ဂရုစိုက်သင့်တယ်လို့ ဘာစီလိုနာအသင်းမန်နေဂျာ ဟန်စီဖလစ်ခ်က ပြောဆိုလိုက်ပါတယ်။
ဘာစီလိုနာ ရှေ့တန်းတိုက်စစ်မှူး ယာမဲလ်ဟာ နိုင်ငံအသင်းအတွက် ကစားပေးစဉ်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကလပ်အသင်း မန်နေဂျာက အခုလို တုံ့ပြန်လိုက်တာပါ။
အသက် ၁၈ နှစ်အရွယ် ယာမဲလ်ဟာ ဒဏ်ရာပြဿနာကြောင့် တနင်္ဂနွေ လာလီဂါပွဲစဉ် ဗလင်စီယာနဲ့ ပွဲကို ပါဝင်မကစားနိုင်ဘဲ လာမယ့်အပတ်မှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်နိုင်ဖွယ် ရှိနေတယ်လို့ ဟန်စီဖလစ်ခ်က ပြောပါတယ်။
မနှစ်က ယူရိုပြိုင်ပွဲမှာ စပိန်ကို အနိုင်ရအောင် ကူညီပေးခဲ့တဲ့ ဆယ်ကျော်သက်ကစားသမားဟာ ပြီးခဲ့တဲ့အပတ်က ဘူလ်ဂေးရီးယားနဲ့ တူရကီတို့နဲ့ အဝေးကွင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၁၅၂ မိနစ် ကစားခဲ့ပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်လည်း နယ်သာလန်နိုင်ငံအသင်းအတွက် ကစားရင်း ဒဏ်ရာရရှိခဲ့လို့ ဗလင်စီယာနဲ့ပွဲမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား မာစီဘာနယ်ကတော့ ကျောရိုးအရွတ်ဒဏ်ရာကြောင့် ၁၃ လကြာ အနားယူပြီးနောက် ပြန်လည်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။