
မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အငှားစာချုပ်နဲ့ ဘာစီလိုနာအသင်းဆီ တရားဝင် ပြောင်းရွှေ့သွားပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဇူလိုင် ၂၃ ရက်က အသင်းနဲ့အတူ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့တာပါ။
ဘာစီလိုနာအသင်းမှာ ကစားခွင့်ရဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပြီး စိတ်လှုပ်ရှားမိကြောင်းနဲ့ ငယ်စဉ်ကတည်းက ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ရှုလာခဲ့တဲ့ ပရိသတ်တယောက် ဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်ကပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာမှာ သီယာရီ အွန်နရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ရာသီကုန်မှာ ဘာစီလိုနာဘက်က အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင် ပါတယ်။
မန်ယူအသင်းဟာ ကြီးမားတဲ့အပြောင်းအလဲကာလတခု ရောက်နေတဲ့အချိန်ဖြစ်ပြီး အသင်းအကြောင်း မကောင်းပြောဆိုတာမျိုး လုပ်မှာမဟုတ်ဘဲ ယူနိုက်တက် ကကစားသမား ဘဝအတွက်သာမက ဘဝအတွက်ပါ အရေးပါတဲ့အသင်းဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ဘာစီလိုနာနဲ့ အောင်မြင်မှု ရယူနိုင်ရေးသာ အာရုံစိုက်သွားမှာဖြစ်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောပါတယ်။
Photo:Reuters