
ကွင်းလယ်ကစားသမား မီခေးလ်မယ်ရီနိုဟာ စပိန်လက်ရွေးစင်အသင်းအတွက် ဟတ်ထရစ် ၃ ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကွင်းလယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မယ်ရီနိုဟာ စက်တင်ဘာ ၈ ရက်က ကစားခဲ့တဲ့ တူရကီနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့ပြီး စပိန်အသင်းက ၆ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ပွဲချိန် ၂၂၊ ၄၅ နဲ့ ၅၇မိနစ်တွေမှာ မယ်ရီနိုက ဘယ်ခြေကန်ချက်တွေနဲ့ ဂိုးဧရိယာ အတွင်းကနေ ၂ ဂိုး၊ အပြင်ဘက်ကနေ တစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။
စပိန်အတွက် နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုး သွင်းခဲ့တဲ့ မယ်ရီနိုဟာ ၁၅ နှစ်အတွင်း တပွဲတည်း ဟတ်ထရစ် ၃ ဂိုး သွင်းယူနိုင်တဲ့ ဒုတိယမြောက် စပိန်ကွင်းလယ် ကစားသမား ဖြစ်လာခဲ့တာပါ။
၂၀၁၈ ခုနှစ်က ရီးရဲလ်ကွင်းလယ်လူဟောင်း အစ္စကိုက အာဂျင်တီးနား ဘက်ကို ဟတ်ထရစ် ၃ ဂိုးသွင်းခဲ့ပါသေးတယ်။




