စပိန်ကွင်းလယ်ကစားသမား မီခေးလ်မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။
မယ်ရီနိုကို အာဆင်နယ်ကခေါ်ယူကြောင်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပေမဲ့ မီဒီယာတွေနဲ့ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက အတည်ပြုထားကြတာပါ။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု အောင်မြင်ခဲ့ပြီဖြစ်လို့ မကြာခင်မှာ အပြီးသတ်စာချုပ် ချုပ်ဆိုတော့မယ်လို့ အီတလီဂျာနယ်လစ် ရိုမန်နိုက ရေးသားခဲ့ပါတယ်။
ဆိုစီဒက် ကွင်းလယ်ကစားသမားဟာ အာဆင်နယ်နဲ့ ၂၀၂၈ ခုနှစ်အထိစာချုပ်ချုပ်ဆိုမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၃၂ သန်းအပြင် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ယူရို ၅ သန်း ဆက်လက်ပေးချေရနိုင်တယ်လို့ သိရပါတယ်။
Photo-Reuters