Home
အားကစား
စပိန်ကွင်းလယ်လူ မယ်ရီနိုကို ပေါင် ၃၃ သန်းဖြင့် ခေါ်ယူရန် အာဆင်နယ်သဘောတူ
DVB
·
August 23, 2024
Photo-REUTERS/Heiko Becker

အာဆင်နယ်အသင်းဟာ ဆိုစီဒက်အသင်းက စပိန်ကွင်းလယ်ကစားသမား မီခေးလ်မယ်ရီနိုကို ပေါင် ၃၃ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပါတယ်။

ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၈ ဒသမ ၄၃ သန်း ပေးချေရမှာဖြစ်ပြီး စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ပေါင် ၄ ဒသမ ၂၄ သန်း ထပ်ဆောင်း ပေးချေသွားရမှာပါ။

အသက် ၂၈ နှစ်ရှိ စပိန်လက်ရွေးစင်ကစားသမားကို အာဆင်နယ်အသင်းက ၄ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး ကစားသမားနဲ့လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိပြီးသား ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းမှာ ၂၈ ပွဲ ကစားပေးထားတဲ့ ကွင်းလယ်လူ မယ်ရီနိုဟာ  ၂၀၁၇-၂၀၁၈ ရာသီက နယူးကာဆယ်အသင်းမှာ ကစားခဲ့ဖူးပါတယ်။

အဲဒီနောက် ဆိုစီဒက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ၆ နှစ်အတွင်းမှာ ပွဲပေါင်း ၂၅၀ လောက် ကစားပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013