Home
အားကစား
ပြင်သစ်ယူ-၂၁ နည်းပြရာထူးမှ အွန်နရီ နုတ်ထွက်
DVB
·
August 21, 2024
Photo-Reuters

ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီဟာ ယူ-၂၁ နည်းပြရာထူးကနေ နုတ်ထွက်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ကြေညာပါတယ်။

ပြင်သစ်အသင်းဟာ ပါရီအိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြရာထူးက နုတ်ထွက်ဖို့ အွန်နရီက ဆုံးဖြတ်ခဲ့တာပါ။

အွန်နရီရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၅ ဇွန်လအထိ ကျန်ရှိနေသေးပေမဲ့ သူ့ဆန္ဒအရ စာချုပ်ကို အဆုံးသတ်ခဲ့တာ ဖြစ်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။

အိုလံပစ်ပြိုင်ပွဲဝင် ပြင်သစ်လူငယ်အသင်း ရွှေတံဆိပ်မရခဲ့ပေမဲ့ အသင်းကစားပုံနဲ့ ပတ်သက်ပြီး အွန်နရီရဲ့ ကိုင်တွယ်မှုကို ချီးကျူးခဲ့ကြတာ တွေ့ရပါတယ်။

၂၀၁၄ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အွန်နရီဟာ ၂၀၁၅ ခုနှစ်မှာ အာဆင်နယ်လူငယ်အသင်းကို ကိုင်တွယ်ပြီး နည်းပြဘဝ စတင်ခဲ့သူဖြစ်ပါတယ်။

အွန်နရီဟာ နောက်ပိုင်းမှာ ဘယ်လ်ဂျီယံအသင်း လက်ထောက်နည်းပြရာထူးနဲ့ မိုနာကိုအသင်း နည်းပြရာထူးတို့ကို တာဝန်ယူခဲ့ပြီး ပြင်သစ် ယူ-၂၁ အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024