မန်စီးတီး ကြယ်ပွင့်တိုက်စစ်မှူး အော်စကာဘော့ဟာ လေ့ကျင့်ရေးကွင်းမှာ ခြေထောက်ရိုး ကျိုးသွားခဲ့တာကြောင့် ၄ လလောက် အနားယူရဖို့ ရှိနေပါတယ်။
အသက် ၂၁ နှစ်ရှိ နော်ဝေကစားသမားဟာ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သူပါ။
သူဟာ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် နည်းပြ ဂွါဒီယိုလာရဲ့ ချီးကျူးခံရသူ ဖြစ်ပါတယ်။
အော်စကာဘော့ဟာ သူ့ရဲ့ ခြေထောက်ရိုးကျိုးဒဏ်ရာကို ဘာစီလိုနာမြို့မှာ ခွဲစိတ်ကုသမှု ခံယူသွားမယ်လို့ သိရပါတယ်။
အော်စကာဘော့ ၄ လခန့် အနားယူရမှာဖြစ်လို့ နောက်ထပ် တိုက်စစ်ကစားသမားတဦး ခေါ်ယူဖို့ မန်စီးတီးအသင်းက စီစဉ်နေပါတယ်။
Photo-Reuters