ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ နောက်ခံလူသစ်တွေဖြစ်တဲ့ ဒီလစ်နဲ့ မက်ဇ်ရာအိုရီတို့ ပါဝင်ကစားနိုင်မယ်လို့ မန်ယူနည်းပြ တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပထမဆုံးပွဲစဉ်အဖြစ် ဖူဟမ်အသင်းနဲ့ သြဂုတ် ၁၇ ရက် မနက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။
ဒီလစ်နဲ့ မက်ဇ်ရာအိုရီတို့ နှစ်ဦးဟာ အသင်းဆီ ပြောင်းရွှေ့လာတာ ရက်ပိုင်းပဲ ရှိသေးတာကြောင့် ပူးပေါင်းလေ့ကျင့်ချိန် အများကြီးမရှိသေးပေမဲ့ ဖူဟမ်နဲ့ပွဲစဉ် လူစာရင်းမှာ ပါဝင်လာမယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
အလားတူ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ နောက်ခံလူ မက်ဂွဲယားလည်း ပါဝင်မှာဖြစ်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဘယ်နောက်ခံလူ လုခ်ရှော ကတော့ ဒဏ်ရာအခြေအနေကြောင့် ပြန်ကစားနိုင်မှာ မဟုတ်သေးကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။
Photo-Reuters