မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုအတွက် လာမယ့် လပိုင်းအတွင်း တရားရုံးမှာ ကြားနာစစ်ဆေးခံရတော့မှာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံ မန်စီးတီးဟာ ၂၀၀၉ ခုနှစ်ကနေ စတင်ပြီး ၂၀၁၈ ခုနှစ်အတွင်း ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံရထားတာပါ။
အထူးသဖြင့် အသင်းပိုင်ရှင်ရဲ့ ကိုယ်ပိုင်ငွေကြေးထဲကနေ အသင်းစပွန်ဆာအဖြစ် စိုက်ထုတ်သုံးစွဲရာကနေ ဘဏ္ဍာရေးချိုးဖောက်မှုတွေ ဖြစ်လာတယ်လို့ ဆိုကြတာပါ။
၁၀ ပတ်ကြာ စစ်ဆေးမယ့် မန်စီးတီးအသင်းရဲ့ အမှုကို လာမယ့်နှစ် စက်တင်ဘာလ နောက်ပိုင်းမှာ ရုံးတင်စစ်ဆေးသွားဖို့ ရှိပါတယ်။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်နဲ့ ဒဏ်ကြေးငွေတွေ ချမှတ်ခံရနိုင်ပါတယ်။
Photo-Reuters