ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အစိုးရအဖွဲ့ ခန့်အပ်မှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့အတွက် ဝန်ကြီးချုပ် ဆေထာထဝီးဆင်ကို ရာထူးကနေ ဖယ်ရှားမလားဆိုတာ သြဂုတ် ၁၄ ရက်မှာ ဆုံးဖြတ်မှာပါ။
မေလအတွင်းက တပ်မတော်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် အယောက် ၄၀ ရဲ့ တိုင်ကြားမှုအပြီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက တိုင်ကြားချက်ကို လက်ခံခဲ့ပြီးတဲ့နောက် ဆေထာကို တရားစွဲဆိုခဲ့ပါတယ်။ ဆေထာကို လူကြိုက်များတဲ့ ဖွေ့ထိုင်းပါတီက ထောက်ခံပါတယ်။
ဝန်ကြီးချုပ်က သူ့အမှုအတွက် စီရင်ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ပေမဲ့ ပုံမှန်အတိုင်း ဆက်လုပ်သွားမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လွှတ်တော်မှာ အကြီးဆုံးပါတီဖြစ်တဲ့ Move Forward ပါတီကို သြဂုတ် ၇ ရက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဖျက်သိမ်းခဲ့ပါတယ်။
Source-Reuters