Home
နိုင်ငံတကာ
Move Forward ပါတီ ဆက်လက်ရှင်သန်နိုင်ရေး ထိုင်းအတိုက်အခံခေါင်းဆောင် ဖိထား မျှော်လင့်
DVB
·
July 26, 2024
Photo-Reuters

ထိုင်းနိုင်ငံရဲ့ အဓိက အတိုက်အခံခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ်ဟာ သူ့ရဲ့ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို ဖျက်သိမ်းခံရဖို့ကနေ ရှင်သန်နေဖို့ မျှော်လင့်ထားပေမဲ့ ခေတ်စားနေတဲ့ တိုးတက်သောအဖွဲ့အစည်းကို ချေမှုန်းဖျက်ဆီးပစ်မယ့် နောက်ထပ် စုံစမ်းစစ်ဆေးမှုရဲ့ သက်ရောက်မှုကို သတိပေးခဲ့ပါတယ်။

ဖိထား လိုမ့်ကျရွန်းရတ်ဟာ မနှစ်ကရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ပါတီကို ဦးဆောင်ခဲ့ပေမဲ့ အာဏာရယူဖို့ကို စစ်တပ်ကခန့်အပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက တားမြစ်တာကို ခံခဲ့ရတာပါ။

ထိုင်းနိုင်ငံရဲ့ ရှေးရိုးဆန်တဲ့ အဖွဲ့အစည်းက လူကြိုက်များတဲ့ ခေါင်းဆောင်တွေကို ထိန်းသိမ်းထားဖို့အတွက် သူတို့ရဲ့ အာဏာပါဝါတွေနဲ့ အင်အားပြ ခြိမ်းခြောက်ခဲ့တာလို့ ဖိထားက ပြောပါတယ်။

ဒါဟာ အနှစ် ၂၀ အတွင်း ၅ ကြိမ်မြောက် အဆိုးသံသရာ လည်တာပါပဲလို့ သူကဆိုပါတယ်။

ရှေးရိုးဆန်တဲ့ အထက်တန်းလွှာတွေက ရွေးကောက်ခံအရာရှိတွေကို ထိန်းချုပ်လို့ရမယ့် နည်းလမ်းကို ရှာဖွေခဲ့တာဖြစ်ပြီး ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ပြန်ဖွင့်နေတာလို့ ဖိထားက ပါလီမန်မှာ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ ရိုက်တာကို ပြောကြားခဲ့ပါတယ်။

ထိုင်းစစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကွန်ဆာဗေးတစ် တော်ဝင်ဝါဒီ အဖွဲ့အစည်းနဲ့ Move Forward ပါတီ အပါအဝင် နာမည်ကြီး နိုင်ငံရေးပါတီတွေအကြားက အနှစ် ၂၀ ကြာ မဆုတ်မနစ် တိုက်ပွဲတွေနဲ့ ထိုင်းနိုင်ငံရေးကို ပုံဖော်ထားပါတယ်။

ဇန်နဝါရီလတုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးဟာ ဘုရင်စနစ်ကို ဝေဖန်ခြင်းမှ ကာကွယ်ပေးတဲ့ တော်ဝင်စော်ကားမှု ဆန့်ကျင်တဲ့ဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ Move Forward ပါတီရဲ့ အစီအစဉ်ဟာ ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ လျှို့ဝှက်ကြိုးပမ်းမှုအဖြစ် စီရင်ဆုံးဖြတ်ခဲ့ပြီး ပါတီရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အခုလက်ရှိမှာလည်း Move Forward ပါတီဟာ ဖျက်သိမ်းခံရဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကနေ တင်သွင်းထားတဲ့ ဒီအမှုကိုပဲ ဒီတရားရုံးကနေ ထပ်မံရင်ဆိုင်ရဦးမှာ ဖြစ်ပြီး သြဂုတ် ၇ ရက်နေ့မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။

Move Forward ပါတီကတော့ အမှားအယွင်းတွေကို မကျူးလွန်ထားကြောင်း ငြင်းဆိုထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013