Home
နိုင်ငံတကာ
ဖျက်သိမ်းခံရသည့် MFP ပါတီဝင် အမတ်များက ပါတီသစ်ဖွဲ့မည်
DVB
·
August 8, 2024
Photo-Reuters

ထိုင်းအတိုက်အခံပါတီဖြစ်တဲ့ Move Forward ပါတီက လွှတ်တော်အမတ်တွေဟာ သူတို့ပါတီကို ဖျက်သိမ်းဖို့ တရားရုံးက အမိန့်ပေးပြီးတဲ့နောက် နာရီပိုင်းအကြာမှာပဲ ပါတီအသစ်ကို ဖွဲ့စည်းမယ်လို့ ဩဂုတ် ၇ ရက်မှာ ပြောလိုက်ပါတယ်။

တရားရုံးက ဆုံးဖြတ်ချက်ချပြီး မကြာမီ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Move Forward ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖိထား လိုမ့်ကျရွန်းရတ်က ဆက်လုပ်သွားမယ့် အစီအစဉ်ကို  ပြောခဲ့ပါတယ်။

ဘုရင်စနစ်ကို ပျက်ပြားစေမယ့် အန္တရာယ်တွေ၊ ပြစ်တင်ဝေဖန်ချက်တွေကနေ ကာကွယ်ပေးတဲ့ ဥပဒေကို ပြင်ဆင်ရေး ပါတီရဲ့ မဲဆွယ်စည်းရုံးမှုဆိုင်ရာ စွဲချက်အပေါ် တရားရုံးက  ဆုံးဖြတ်ခဲ့တာပါ။

၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ နေရာအများစုအနိုင်ရခဲ့တဲ့ Move Forward ပါတီကို ဖျက်သိမ်းလိုက်တာဟာ သြဇာကြီးမားတဲ့ ရှေးရိုးစွဲဝါဒီတွေ၊ ဆွေကြီးမျိုးကြီး မိသားစုတွေနဲ့ တော်ဝင်ဝါဒီစစ်တပ်ကို ဆန့်ကျင်တဲ့ ဆယ်စုနှစ်နှစ်စုကြာ အာဏာရရှိရေးတိုက်ပွဲမှာ ပါဝင်နေတဲ့ ထိုင်းနိုင်ငံရဲ့ အဓိကနိုင်ငံရေးပါတီတွေအတွက် နောက်ဆုံး စိတ်ပျက်စရာကိစ္စလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ရွေးကောက်ပွဲအနိုင်ရပါတီကို ဖျက်သိမ်းမှုဟာ Move Forward နဲ့ သူ့အစီအစဉ်ကို ထောက်ခံတဲ့ လူငယ်နဲ့ မြို့ပြမဲဆန္ဒရှင် သန်းပေါင်းများစွာကို ဒေါသထွက်စေခဲ့ပါတယ်။

အာဏာရပါတီအပေါ်ကိုတော့ သက်ရောက်မှု နည်းနည်းပဲရှိပြီး တရားရုံးစီရင်ချက်ကြောင့် ပါတီအမှုဆောင် ၁၁ ဦးသာ နိုင်ငံရေးမှာ ပါဝင်ခွင့် ၁၀ နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013