ဆေးခြောက်ပီကေနဲ့ သကြားလုံးတွေ ပိုင်ဆိုင်မှုနဲ့ အဖမ်းခံရတဲ့ ဂျာမနီနိုင်ငံသား တယောက်ကို မူးယစ်ကုန်ကူးမှုဆိုင်ရာ ရာဇဝတ်မှုနဲ့ ဩဂုတ် ၁ ရက်မှာ တရားရုံး ကြားနာစစ်ဆေးဖို့ ရုရှားတရားရုံးက ရွှေ့ဆိုင်းလိုက်ပါတယ်။
အသက် ၃၈ နှစ်အရွယ် ပက်ထရစ် စခိုဘယ်ဟာ ဇန်နဝါရီနှောင်းပိုင်းက စိန့်ပီတာစဘတ်မြို့က ပါလ်ကိုဗိုလေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။
သူဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်လေဆိပ်ကနေ စိန့်ပီတာစဘတ်ကို ရောက်လာတာဖြစ်ပြီး သူ့ရဲ့ ခရီးဆောင်အိတ်ကို စစ်ဆေးရာမှာတော့ ဆေးခြောက်ရွက်ပုံ ကပ်ထားတဲ့ သကြားလုံးထုပ်တထုပ်ကို တွေ့ခဲ့တာပါ။
သူ့ကို ဖမ်းမိချိန်က ဂျာမနီနိုင်ငံထဲမှာ လူသတ်မှုအတွက် ထောင်ကျခံနေရတဲ့ ရုရှားနိုင်ငံသားတယောက်ကို ပြန်လွှတ်ပေးဖို့ ရုရှားအစိုးရက ကြိုးစားနေချိန်ဖြစ်လို့ သူ့အမှုက သိသာထင်ရှားနေခဲ့ပါတယ်။
ဒါဟာ အမေရိကန်နဲ့ အကျဉ်းသားချင်း ပိုကျယ်ကျယ်ပြန့်ပြန့် လဲဖို့ အလားအလာ အစိတ်အပိုင်း ဖြစ်တယ်လို့လည်း မီဒီယာတွေက သုံးသပ်ထားပါတယ်။
Source-Reuters