ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ရက်က ယူကရိန်းလေတပ်က MiG-29 လေယာဉ်တစင်း၊ ဒရုန်း ၃၆ စီးနဲ့ အမေရိကန်လုပ် ဟိုင်းမားစ် ဒုံးကျည်ပစ်လွှတ်မှုစနစ်မှ ဒုံးပျံ ၅ စင်းတို့ကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန် ပါတယ်။
ရှေ့တန်းစစ်မျက်နှာ အများအပြားရှိ ရုရှားတပ်ဖွဲ့တွေဟာ တင့်ကားတွေနဲ့ တခြားသံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ၊ ဟောင်ဝစ်ဇာတွေ၊ တန်ပြန်ထောက်လှမ်းရေး ရေဒါစခန်းနဲ့ ခဲယမ်းမီးကျောက်တွေ အပါအဝင် ယူကရိန်းစစ်တပ်ရဲ့ စက်ပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်ကလည်း လွန်ခဲ့တဲ့နေ့က ရှေ့တန်းမှာ တိုက်ပွဲပေါင်း ၆၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံခဲ့ပြီး အထူးသဖြင့် ပေါ့ခ်ရော့ဗ်စ်ခ် ဧရိယာမှာ အခြေအနေ တင်းမာနေကြောင်း မှတ်ချက်ပြုပါတယ်။
ခါကို့ဗ်ဒေသရှိ အခြေအနေဟာ ယူကရိန်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်ပြီး ရုရှားတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လိုင်မန်ဒေသမှာ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း စစ်ဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။
Source-Reuters