လာမယ့်နှစ် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်း ချန်ပီယံဖြစ်လိမ့်မယ်လို့ မန်ယူဂန္ထဝင် ကွင်းလယ်ကစားသမားကြီး ပေါလ်စခိုးက သုံးသပ်သွားပါတယ်။
beIN SPORTS ရုပ်သံနဲ့ အင်တာဗျူးမှာ ပေါလ်စခိုးက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းကို ဆွေးနွေသုံးသပ်ခဲ့တာပါ။
အာဆင်နယ်အသင်းဟာ နည်းပြ မီခေးလ်အာတေတာ လက်ထက်မှာ တိုးတက်မှုတွေ ရှိလာတဲ့အသင်းဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အသင့်ရှိနေလိမ့်မယ်လို့ ပေါလ်စခိုးက ပြောပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ဖို့က ဘယ်တော့မှ လွယ်ကူလေ့မရှိဘဲ ထိပ်တန်းအသင်း ၇ သင်း ၈ သင်းလောက်က အပြိုင်ယှဉ်ပြိုင်ရလေ့ရှိတာ သိရှိနားလည်ပေမဲ့ လာမယ့်ရာသီမှာတော့ မန်စီးတီးကို ကျော်ဖြတ်ပြီး အာဆင်နယ်အသင်း ချန်ပီယံဖြစ်မယ်လို့ ထင်ကြောင်း ပေါလ်စခိုးက ပြောသွားပါတယ်။
Photo-Reuters