ပေါ်တူဂီကစားသမား ပတ်ဒရိုနက်တိုကို ခေါ်ယူနိုင်ခဲ့ကြောင်း ချဲလ်ဆီးအသင်းက တရားဝင် ကြေညာပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ ခြေစမ်းပွဲစဉ်ကို နက်တိုက ကွင်းအတွင်းမှာ လာရောက်ကြည့်ရှုခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာ အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ခဲ့တာပါ။
အသက် ၂၄ နှစ်ရှိ နက်တိုအတွက် ပေါင် ၅၄ သန်း ပေးချေခဲ့ရပါတယ်။ ချဲလ်ဆီးအသင်းလို ထိပ်တန်းအသင်းတသင်းဆီ ပြောင်းရွှေ့ကစားခွင့်ရဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့ရပြီး အသင်းသစ်နဲ့အတူ ရှေ့ဆက်သွားဖို့ အသင့်ရှိနေကြောင်း ပရိသတ်တွေနဲ့ မိတ်ဆက်ရာမှာ နက်တိုက ထည့်သွင်း ပြောသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၈ ဦး ခေါ်ယူထားပြီး နက်တိုက ၉ ဦးမြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
Photo-Reuters