ချဲလ်ဆီးအသင်းဟာ ဝုဗ်တောင်ပံကစားသမား ပတ်ဒရိုနက်တိုကို ပေါင် ၅၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမူ ရရှိခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်ရှိပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့် မျှော်မှန်းသလောက် ဖြစ်မလာခဲ့ပေမဲ့ မနှစ်ကရာသီမှာ ခြေစွမ်းပြသနိုင်ခဲ့သူပါ။
ဝုဗ်အသင်းရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ပတ်ဒရိုနက်တိုဟာ ရက်ပိုင်းအတွင်းမှာ ချဲလ်ဆီးနဲ့ ဆေးစစ်မှုခံယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှု ၂ နှစ်ကြိမ်ကို ဝုဗ်အသင်းက ပယ်ချခဲ့ပေမဲ့ တတိယအကြိမ်ကမ်းလှမ်းမှုမှာ လက်ခံသဘောတူခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ချဲလ်ဆီးအသင်းဟာ စပိန်ကလပ် အက်သလက်တီကိုက တိုက်စစ်မှူး ဆာမူအိုမိုရိုဒီယွန်ကိုလည်း ပေါင် ၃၅ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီမူရရှိထားတယ်လို့ သိရပါတယ်။