တိုက်စစ်မှူး လူကာကူဟာ မိခင်ကလပ် ချဲလ်ဆီးအသင်းနဲ့ လေ့ကျင့်ခန်း ပြန်လည်စတင်တော့မယ် လို့ သိရပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက်တိုက် အီတလီကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ရိုးမားအသင်းတွေမှာ အငှားထွက်ကစားခဲ့သူပါ။
ရာသီကြိုခြေစမ်းခရီးစဉ်မှာ လူကာကူကို ချဲလ်ဆီးအသင်းက ချန်လှပ်ခဲ့ပေမဲ့ အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့တော့ ခွင့်ပြုထားပါတယ်။
သူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမဲ့ တခြားအသင်း တသင်းဆီပဲ ပြောင်းရွှေ့ဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းဟာ လူကာကူကို အပြီးသတ်ရောင်းချပြီး နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို ပြန်ခေါ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အင်တာမီလန်မှာ အတူလက်တွဲခဲ့ဖူးတဲ့ နည်းပြကွန်တီက နာပိုလီနည်းပြ ဖြစ်လာခဲ့ပြီးနောက် လူကာကူအနေနဲ့ နာပိုလီအသင်းဆီ ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
Photo-Reuters