လက်စတာကွင်းလယ်လူ ဂျုစ်ဘရီဟောလ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း ချဲလ်ဆီးအသင်းက တရားဝင် အတည်ပြုသွားပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူအတွက် ချဲလ်ဆီးအသင်းက ပေါင်သန်း ၃၀ လောက် ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဂျုစ်ဘရီဟောလ်ဟာ မနှစ်က လက်စတာအသင်းတန်းတက်လာခဲ့ရာမှာ အဓိကနေရာကနေ စွမ်းဆောင်နိုင်ခဲ့သူပါ။
သူဟာ အခုနှစ် နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းရဲ့လေးဦးမြောက် ကစားသမားခေါ်ယူမှု ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဗီလာတိုက်စစ်မှူး ကယ်လီမန်းကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူခဲ့သလို ဘာစီလိုနာ တိုက်စစ်မှူး မက်ဂူယိုနဲ့ ဖူဟမ်နောက်ခံလူ အက်ဒါရာဘီအိုယိုတို့ကိုလည်း ခေါ်ယူထားပြီးဖြစ် ပါတယ်။