မန်ယူအသင်းဟာ တိုက်စစ်မှူး မားကပ်ရှ်ရက်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဟာ မနှစ်က ရာသီက ပုံမှန်ခြေစွမ်းမရခဲ့တာကြောင့် ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူပါ။
မန်ယူအသင်းဟာ နည်းပြအဲရစ်တန်ဟတ်ဂ်ကို ဆက်လက်တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာပါ။
မူလက ရက်ရှ်ဖို့ဒ်အတွက် ပေါင်သန်း ၈၀ လောက် လိုချင်ပေမဲ့ လက်ရှိစွမ်းဆောင်ရည်အရ အဲဒီဈေးထက်လျော့နည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်လည်း ရောင်းချသွားမယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောသတင်းတွေအရ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေပြီး တိုက်စစ်မှူး အမ်ဘာပေနေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့သိရပါတယ်။