ဘရာဇီးရဲတပ်ဖွဲ့ဟာ မက္ကဆီကိုဂိုဏ်းတွေနဲ့ တခြားဈေးကွက်တွေထံ ကိုကင်းရောင်းချခြင်းကနေ ရရှိခဲ့တဲ့ ဘရာဇီးနိုင်ငံသုံး ရီယာငွေကြေး ၅ ဒသမ ၅ ဘီလီယံ (ဒေါ်လာ ၉၇၀ သန်း) ကို ခဝါချခဲ့တယ်ဆိုတဲ့ အဖွဲ့အစည်းကို ဖြိုခွဲခဲ့ကြောင်း ဇူလိုင် ၂ ရက်မှာ ပြောပါတယ်။
အဲဒီဂိုဏ်းဟာ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာမှ ဗဟိုအမေရိကကို လေယာဉ်နဲ့ ဥရောပအပါအဝင် တခြားလမ်းကြောင်းတွေပေါ်မှာ ကိုကင်းမှောင်ခို သယ်ဆောင်တဲ့ ဘရာဇီး မှောင်ခိုသမားတွေဆီကနေ ရရှိတဲ့ငွေတွေကို ခဝါချခဲ့တာလို့ ဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အိမ်ခြံမြေကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံပြီး ဇိမ်ခံကားအစီးရေ ၂၄၀ ဝယ်ယူခြင်းအားဖြင့် ဘရာဇီးနိုင်ငံမှာ ငွေကြေးခဝါချခဲ့တာဖြစ်ကြောင်း စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ ရဲစုံစမ်းရေးမှူးက ရိုက်တာစ် သတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့ဟာ မော်တော်ကား ၃၅ စီးနဲ့ ရီယာငွေကြေး သန်းပေါင်း ၄၀ တန်ကြေး ရှိတဲ့ အမ်ဘရေယာ ဖှယ်နွန် အထူးဂျက်လေယာဉ် အပါအဝင် လေယာဉ် ၁၂ စင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ ဘရာဇီးလ်ပြည်နယ် ၇ ခုမှာ ရှာဖွေရေးနဲ့ ဖမ်းဝရမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။
Source-Reuters