နည်းပြတန်ဟတ်ဂ်နဲ့ ပြေလည်မှုပြန်လည်ရရှိခဲ့တဲ့ ဂျေဒန်ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းခဲ့ ပါတယ်။
ဆန်ချိုဟာ မနှစ်ကရာသီမှာ နည်းပြတန်ဟတ်ဂ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းဟောင်ဒေါ့မွန်အသင်းဆီ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။
လေ့ကျင့်ရေးကွင်းမှာ လုံလောက်တဲ့ကြိုးစားမှုမရှိတဲ့ အကြောင်းပြချက်နဲ့ ဆန်ချိုကို နည်းပြတန် ဟတ်ဂ်က လူသိရှင်ကြားဝေဖန်ခဲ့ပြီးနောက် ဆန်ချိုဘက်ကလည်း မဟုတ်မှန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပြီး တောင်းပန်စကားမဆိုနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့တာပါ။
လက်ရှိအချိန်မှာတော့ နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီးတဲ့နောက်မှာ ဆန်ချိုကို အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့် ပေးခဲ့တာပါ။
ဆန်ချိုဟာ နည်းပြတန်ဟတ်ဂ်နဲ့ ပြေလည်မှုရရှိခဲ့ပေမဲ့ အသင်းမှာဆက်ရှိဖို့ မသေချာသေးဘဲ ဂျူဗင်တပ်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
Photo-Reuters